MM Ticket Solutions Bangkok Loi Krathong ပွဲကို ဘန်ကောက်ရဲ့ ဘယ်နေရာတွေမှာ ကျင်းပဖို့ ရှိသလဲဆိုရင်

Loi Krathong ပွဲကို ဘန်ကောက်ရဲ့ ဘယ်နေရာတွေမှာ ကျင်းပဖို့ ရှိသလဲဆိုရင်

0 Comments

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ထိုင်းနိုင်ငံရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ Loi Krathong မီးမျှောပွဲကို အခုလ November 27 ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ် ။ ပွဲတော်ကို ဘန်ကောက်မြို့မှာဆိုရင် အဓိကအားဖြင့် ကျောက်ဖယားမြစ်ကမ်းဘေးက Rama VIII တံတားအောက်က ပန်းခြံနေရာ (https://maps.app.goo.gl/WvT2vB7jZozgZQSw6 )နဲ့ Ong Ang Canal (https://maps.app.goo.gl/2LEXow1jcwoecztE7) တူးမြောင်းတစ်လျှောက်တို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘန်ကောက်မှာရှိတဲ့ အခြားသောပန်းခြံတွေ ရေကန်တွေနဲ့ ဈေးဝယ်စင်တာတွေမှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လွယ်ကထုန်ပွဲနေ့ဖြစ်တဲ့ ၂၇ ရက်နေ့မှာ ဘန်ကောက်က ပန်းခြံတွေကို မနက် ၅နာရီကနေ ညလယ်ထိ ဖွင့်ထားပေးမယ်လို့ သိရပါတယ် ၊ ဒီထဲမှာ ထင်ရှားတဲ့ ပန်းခြံတွေဖြစ်တဲ့ Lumpini, Chatuchak, Benjakitti နဲ့ Benchasiri တို့လို ပန်းခြံတွေက ရေကန်တွေမှာ မိမိတို့ရဲ့ Krathong (မီးခွက်) တွေကို မျှောလို့ရမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့တွေကတော့ မိသားစုတစ်စုကို Krathong တစ်ခုခန့်သာ ပြုလုပ်ဖို့နဲ့ Krathong တွေကိုလည်း သဘာဝပစ္စည်းတွေကိုသာ အသုံးပြုပြီး ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Tags: ,

Leave a Reply

Your email address will not be published. Required fields are marked *