MM Ticket Solutions Chiang Mai ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး အဝေးပြေးကားကို စီးပြီးတော့ ချင်းမိုင် ဘန်ကောက်ပြန်ကြည့်တဲ့ အတွေ့အကြုံ

ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး အဝေးပြေးကားကို စီးပြီးတော့ ချင်းမိုင် ဘန်ကောက်ပြန်ကြည့်တဲ့ အတွေ့အကြုံ

0 Comments


အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီရက်ပိုင်းထဲ ကျွန်တော့်ကို အမေးများကြတာက ချင်းမိုင်ကနေ ဘန်ကောက် ၊ ဘန်ကောက်ကနေ ချင်းမိုင်ကို အဝေးပြေးကားတွေနဲ့ သွားရင် အဆင်ပြေလား ? ကားတွေက သက်သောင့်သက်သာရှိရဲ့လားဆိုပြီးမေးတက်ကြပါတယ် ၊ ဘန်ကောက်နဲ့ ချင်းမိုင်ကို လေယာဉ် ၊ ရထား နဲ့ အဝေးပြေးကားတွေစီးပြီးတော့ သွားလို့ရပါတယ် ၊

ဒါပေမယ့်လဲ ချင်းမိုင်ရထားတွေက ဝယ်ရခက်သလို လေယာဉ်တွေကလည်း ခရီးသွားရာသီဖြစ်တယ် ကြိုမဝယ်ထားဘူးဆိုရင် ဈေးကြီးပါတယ် ၊ အဲ့ဒီတော့ ရွေးချယ်စရာက အဝေးပြေးကားတွေပဲ ရှိပါတယ် ၊ အဝေးပြေးကားတွေစီးရင်ရော အဆင်ပြေ မပြေကိုတော့ ဒီဗီဒီယိုလေးထဲမှာ ပြောပြပေးပါ့မယ်ခင်ဗျ ၊

ဒီနေ့ကတော့ ကျွန်တော် ချင်းမိုင်ကနေ ဘန်ကောက်ကို အဝေးပြေးကားစီးပြီးတော့ ပြန်မှာပါခင်ဗျ ၊
ချင်းမိုင် ဘန်ကောက်အတွက် ကားကိုတော့ ချင်းမိုင် ဘက်စ်တာမီနယ် ၃ လို့ ခေါ်လို့ ကားဝင်းမှာ သွားစီးရပါမယ်ဗျ ၊ Google Map မှာ အလွယ်တကူ ရိုက်ရှာလို့ရပါတယ်ဗျ ၊

Google Map Link >> https://maps.app.goo.gl/DTT4XUBeMCAYuZiy7

ကားဂိတ်မှာကတော့ ချင်းမိုင်ဘန်ကောက်သွားတဲ့ကားတွေရော အခြားနေရာသွားတဲ့ကားတွေရောအတွက် ကားလိုင်းတွေ အများကြီးရှိပါတယ် ၊ ကားဂိတ်ထဲဝင်လိုက်တာနဲ့ ကားလိုင်းပေါင်းစုံက လက်မှတ်အရောင်းကောင်တာတွေကို တွေကို တွေ့ရပါမယ် ။ အွန်လိုင်းက ကြိုဝယ်ထားရင်လည်း ကိုယ်စီးရမယ့် ကားရဲ့ ကားကုမဏီကောင်တာမှာ လက်မှတ်လဲရပါမယ်ဗျ ၊

ကျွန်တော်က Sombat Tour ကုမဏီရဲ. VIP 20 ဆိုတဲ့ ကားကို အွန်လိုင်းကနေ ကြိုဝယ်ထားပါတယ် ၊  Sombat ကောင်တာမှာ ဖုန်းထဲက ပီဒီအက်ဖ်ဖိုင်လေးကို ကောင်တာမှာ ပြလိုက်ရုံပါပဲ ။

ကျွန်တော်ဝယ်စီးဖြစ်တဲ့ လက်မှတ်က Sombat ကုမ္ပဏီမှာဆို ဈေးအကြီးဆုံး လက်မှတ်ပါပဲ ၊ ကောင်တာမှာသွားဝယ်မယ်ဆိုရင် တစ်စောင်ကို 924 ဘတ်ပေးရပါမယ် ၊ အွန်လိုင်းက ကြိုဝယ်မယ်ဆိုရင်တော့ Online Booking Fees ရှိတာမို့ တစ်စောင်ကို ဘတ် ၁၀၀၀ လောက်ကျပါမယ်ဗျ ၊

ဘန်ကောက်နဲ့ ချင်းမိုင်ကို သွားတဲ့ လိုင်းကားတွေ အများကြီး ရှိတဲ့အထဲက ကျွန်တော် Recommend ပေးချင်တာကတော့ Sombat ကုမဏီ ၊ Nakhonchai Bus နဲ့ Bangkok Bus Line ကိုတော့ Recommend ပေးပါတယ်ဗျ ၊ ဒီကုမ္ပဏီတွေက ကားနဲ့ ဝန်ဆောင်မှုကောင်းတယ်လို့လည်း သိရပါတယ်ဗျ။

ကားအမျိုးအစားတွေကတော့ Express ၊ VIP ၊ First Class ၊ Gold Class အစရှိသဖြင့် ရွေးစရာ အမျိုးမျိုးရှိပါတယ် ၊ VIP တို့ First Class တို့ကတော့ ကားတွေပိုကောင်းပါတယ် ၊ ကားတွေကခုံနေရာအတွက်ရော ကိုယ်သွားချင်တဲ့အချိန် သွားနိုင်ဖို့အတွက် ဆိုရင် ကြိုပြီးတော့ လက်မှတ်ဖြတ်ထားတာက ပိုပြီးတော့ အဆင်ပြေပါတယ် ၊

လက်မှတ်ရလာတဲ့အခါမှာ လက်မှတ်မှာ စီးရမယ့် ပလက်ဖောင်းနံပါတ်ပါမယ် ခုံ နံပါတ်ပါမယ် ၊ နောက် လမ်းမှာ ခဏရပ်ပေးချိန် အစားအသောက်လဲစားဖို့ ကူပွန်လေးပါပါမယ်ဗျ ၊

ကျွန်တော်််ရွေးချယ်ထားတဲ့ ကားမှာဆိုရင် ယာဉ်မယ်ပါပါတယ် ၊ အခုကျွန်တော်ရွေးထားတဲ့ကားက Sombat ကုမဏီက ဆွဲတဲ့ကားတွေထဲမှာဆိုရင် အကောင်းဆုံးကားပါ VIP 20 ဆိုတဲ့ အတိုင်း လူ အယောက် ၂၀ ပဲ တင်ပါတယ် ၊ ခုံနေရာကျယ်ဝန်းမှု လျှောက်လမ်းတွေ ကျယ်ဝန်းမှုက ဗီဒီယိုထဲမှာ မြင်ရတဲ့ အတိုင်းပါပဲ ခင်ဗျ ၊

လူနည်းတော့ ပစ္စည်းဆိုလည်း အေးဆေးထားလို့ရတယ် ၊ ထိုင်ခုံလည်း အတော်ကို ကျယ်တယ် ဝတဲ့လူတွေအတွက်ဆိုရင်လည်း သက်သောင့်သက်သာရှိတယ်ဗျ ၊ အခုကျွန်တော်စီးဖြစ်တဲ့ ဒီကားမှာ ထူးခြားတာဆိုရင် ထိုင်ခုံတွေက Massage Chiar အမျိုးအစားဖြစ်တယ်ဗျ ၊ ခလုတ်နှိပ်ထားရင် ခုံက ၁၀ မိနစ်လောက် နှိပ်ပေးတယ်ဗျ ၊ ပုံမှန်အနှိပ်ခုံတွေလိုတော့မဟုတ်ပါဘူး ၊ အပျော့စားသဘောမျိုးလောက် ပါတယ်ဆိုရုံပါပဲ ။ အခြားကားတွေမှာတော့ ပါမပါတော့ မပြောတက်ဘူးဗျ

ဒါ့အပြင် ရေဘူး ၊ အချိုရေဘူး ၊ သာရေစာမုန့်နဲ့ ပေါင်မုန့်တို့လည်း ကားပေါ်မှာပေးပါတယ်

ကားက ထွက်ချိန်မှန်ပါတယ် ၇ နာရီထွက်မယ့်ကားက ၇ နာရီမှာ အတိအကျထွက်ပြီးတော့ ဘန်ကောက်ကို မနက် ၄ နာရီခွဲလောက်မှာ ရောက်ပါတယ် ၊ ဘန်ကောက်ချင်းမိုင်က အဝေးပြေးကားနဲ့သွားမယ်ဆိုရင် ကြာချိန်က ၉ နာရီကနေ ၁၁ နာရီလောက် ကားအမျိုးအစား ၊ လမ်းအခြေအနေပေါ်မူတည်ပြီး ကြာပါမယ်ဗျ ။

ဘန်ကောက် ချင်းမိုင် ကားအများစုက အိမ်သာပါကြပါတယ် ၊ အိမ်သာတွေကလည်း သန့်ကြပါတယ်ဗျ ၊ ထိုင်းမှာအဝေးပြေးကားစီးရင် ဒီအချက်က အတော်လေး စိတ်ချမ်းသာစရာကောင်းတယ်ဗျ

ညစာစားဖို့နေရာကိုတော့ ည ၁၂ နာရီလောက်မှာ ရောက်ပါတယ် ၊ ဒီမှာကတော့ ကးလက်မှတ်ပြပြီးတော့ ကိုယ်ကြိုက်ရာအစားအသောက်တစ်မျိုး ယူစားလို့ရပါတယ်ဗျ ၊ ပိုစားချင်ရင်တော့ ငွေပေးပြီးစားရမှာဖြစ်ပါတယ်ဗျ ၊ ဆိုင်အများကြီးမဟုတ်ပေမယ့် အစားအသောက် စုံစုံလင်လင်ရှိတာမို့ အဆင်ပြေပါတယ်ခင်ဗျ။

အခုကားလက်မှတ်အပါအဝင် ဘန်ကောက်- ချင်းမိုင် ကားလက်မှတ်တွေ ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီLink မှာ ဝယ်ယူနိုင်ပါတယ်ဗျ
https://mmticketsolutions.12go.com/en

Powered by 12Go system

ဒီလောက်ဆိုရင်တော့ ဘန်ကောက် ချင်းမိုင် ဘက်စ်တွေရဲ. အနေအထားကို မှန်းဆလို့ရမယ်ထင်ပါတယ်ခင်ဗျ ၊ ကားတွေကပေါပေမယ့် ကောင်းတဲ့စီးချင်တယ် ၊ အချိန်ကွက်တိသွားချင်တယ်ဆိုရင်တော့ လက်မှတ်ကြိုဝယ်ဖို့ အကြံပေးပါရစေဗျ ၊

Tags:

Leave a Reply

Your email address will not be published. Required fields are marked *