MM Ticket Solutions Bangkok,Chiang Mai,Train,Travel,ဘန်ကောက် - ချင်းမိုင်,ရထား ထိုင်းနိုင်ငံရဲ့ အိပ်စင် အဝေးပြေးရထားများကို ရက် ၉၀ ကြိုတင်ပြီး လက်မှတ်ဝယ်ယူနိုင်ပြီ

ထိုင်းနိုင်ငံရဲ့ အိပ်စင် အဝေးပြေးရထားများကို ရက် ၉၀ ကြိုတင်ပြီး လက်မှတ်ဝယ်ယူနိုင်ပြီ

0 Comments


ထိုင်းနိင်ငံရဲ့ ရထားဝန်းကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင်းပြေးဆွဲနေတဲ့ အိပ်စင်ရထား (CNR sleeper trains) တွေကို ခရီးသွားရက် မတိုင်မှီ ရက် ၉၀ ကြိုတင်ပြီးရောင်းချတော့မယ်လို့ သိရပါတယ်။ ယခင်က ယခုရထားတွေအတွက်လက်မှတ်ကို ခရီးသွားရက် မတိုင်မှီ ရက် ၃၀ သာ ကြိုတင်ပြီးရောင်းချခဲ့တာပါ ။
ရက် ၉၀ ကြိုတင်ပြီးရောင်းချမယ့် ရထားတွေကတော့
(၁) အထူးအမြန်ရထား Train No 9/10 (Bangkok – Chiang Mai – Bangkok)
(၂) အထူးအမြန်ရထား Train No 23/24 ( Bangkok – Ubon Ratchathani – Bangkok)
(၃) အထူးအမြန်ရထား Train No 25/26 (Bangkok – Nong Khai – Bangkok)
(၄) အထူးအမြန်ရထား Train No 31/32 (Bangkok – Hat Yai – Bangkok)
ယခု အပေါ်မှာ ကျွန်တော်ဖော်ပြပေးထားတဲ့ အိပ်စင်သီးသန့်ပါတဲ့ ရထားတွေကိုသာ ခရီးသွားရက် မတိုင်မှီ ရက် ၉၀ ကြိုတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီးတော့ အခြားရထားတွေကတော့ ပုံမှန်အတိုင်းပဲ ခရီးသွားရက် မတိုင်မှီ ရက် ၃၀ သာ ကြိုတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ် ။
ချင်းမိုင်ကိုသွားတဲ့ Train No 9 ၊ ချင်းမိုင်ကနေ ဘန်ကောက်ကို ပြန်လာတဲ့ Train No 10 တို့ဟာ ခရီးသွားရာသီ ရောက်ပြီဆိုရင် လက်မှတ်အရောင်းဖွင့်တာနဲ့ နာရီပိုင်းအတွင်း လက်မှတ်ရောင်းကုန်သွားတက်တဲ့ ရထားတွေ ဖြစ်ပါတယ် ၊ အခုလို ရက် ၉၀ ကြိုတင်ဖွင့်ပေးလိုက်တဲ့အတွက် ခရီးသွားသူတွေ ပိုအဆင်ပြေမလား ၊ ပိုပြီးလက်မှတ်ဝယ်ရ ခက်မလားဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။
Tags:

Leave a Reply

Your email address will not be published. Required fields are marked *